ကျောက်ဆည်မြို့နယ်တွင် မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး ပန်းခွာ-ကုန်းကြီးကျေးရွာချင်းဆက်လမ်းတွင် Box Culvert တံတား(၃)စင်း တည်ဆောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး ပန်းခွာ-ကုန်းကြီးကျေးရွာချင်းဆက်လမ်းတွင် Box Culvert တံတား(၃)စင်း တည်ဆောက်

 


MNP -  မတ်    ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြိုပြနှင့် ကျေးလက်ကွာဟမှုမရှိစေရေးအတွက် ကျေးလက်လမ်းများ အဆင့်မြှင့်တင်ခြင်း၊ တံတားများ တည်ဆောက်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် ကျေးလက် ဒေသထွက်ကုန်များ လွယ်ကူလျင်မြန်စွာသယ်ယူနိုင်ရေး ပန်းခွာ-ကုန်းကြီးကျေးရွာချင်းဆက်လမ်းပေါ် တွင် Box Culvert (၃)စင်း တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။

တံတားများတည်ဆောက်ရာတွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၁၈၀)ဖြင့် တံတား (၁)စင်းလျင် ကျပ်သိန်း (၆၀)အကုန်အကျခံကာ ပုဂံနန်းတော်ကုမ္မဏီမှ တာဝန်ယူပြီး အရှည်(၅)ပေ၊ အကျယ်(၂၄)ပေ၊ အမြင့်(၅)ပေ တည်ဆောက်ပေးခြင်းဖြစ်ပြီး တံတားများ အရည်အသွေး ပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်းပြီးစီးရေး မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီး ဌာနမှ အနီးကပ်ကြီးကြပ် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားများ တည်ဆောက်ပေးခြင်းကြောင့် ပန်းခွာ-ကုန်းကြီး-စင်းကွန်း-ဘုံကွင်း-ရွာဟောင်း ကုန်း-ပနံ-ကတဲ-သူငယ်တော်-ကောင်းတင်-ကျီးပြ ကျေးရွာ(၁၀)ရွာမှ ဒေသထွက်ကုန်များ လွယ်ကူမြန်စွာ သယ်ယူနိုင်တော့မည်ဖြစ်ပြီး အိမ်ထောင်စု(၂၁၄၉)စုမှ လူဦးရေ(၉၇၃၃)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍစုံဖွံ့ဖြိးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)