ပိုင်ကျုံမြို့တွင် Covid Shield ထိုးနှံရန် ကျန်ရှိနေသေးသော ပြည်သူများအား ပိုင်ကျုံတိုက်နယ်ဆေးရုံတွင် ဆက်လက်ထိုးနှံ ပေးမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့တွင် Covid Shield ထိုးနှံရန် ကျန်ရှိနေသေးသော ပြည်သူများအား ပိုင်ကျုံတိုက်နယ်ဆေးရုံတွင် ဆက်လက်ထိုးနှံ ပေးမည်

 


MNP - မတ်    ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှု ကို လျော့နည်းစေရန်ရည်ရွယ်၍  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပါသည်။

ကာကွယ်ဆေးထိုးနှံရာတွင် သံဃာတော်များ၊ အသက်(၁၈)နှစ် အထက်ဒေသနေပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသေးသည့် နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များကို  ဦးစားပေး အစီအစဉ်ဖြင့် ထိုးနှံပေးခဲ့ပြီး မတ်လ ၄ ရက်နေ့ တွင် ပိုင်ကျုံမြို့အတွင်းရှိ ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသေးသည့် ပြည်သူများအား ပိုင်ကျုံတိုက်နယ်ဆေးရုံတွင်  ဆက်လက်ထိုးနှံနိုင်‌ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - စောဂျိုးဇက်ကျူး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)