KKO (ခွဲထွက်)အဖွဲ့ နှင့် PDF အကြမ်းဖက်သမားများက ကော့ကရိတ်မြို့နယ်၊ တတန့်ကူး ကျေးရွာအနီးရှိ မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်၌ သွားလာနေသည့် ခရီးသည်တင် မော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များအား မီးရှို့ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KKO (ခွဲထွက်)အဖွဲ့ နှင့် PDF အကြမ်းဖက်သမားများက ကော့ကရိတ်မြို့နယ်၊ တတန့်ကူး ကျေးရွာအနီးရှိ မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်၌ သွားလာနေသည့် ခရီးသည်တင် မော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များအား မီးရှို့ဖျက်ဆီး



MNP ၊ မတ်  ၁၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တတန့်ကူးကျေးရွာအနီးရှိ မြဝတီကော့ကရိတ် အာရှလမ်းသစ်၌ ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များအား ယနေ့နံနက်ပိုင်းတွင် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပါဝင်သော ပူးပေါင်းအဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ရပ်တန့်စေပြီး မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြဝတီဘက်မှ ကော့ကရိတ်ဘက်သို့ ကုန်ပစ္စည်းများတင်ဆောင်၌ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းသစ်အတိုင်း မောင်းနှင်လာသော ၁၀ ဘီးယာဉ်တစ်စီးသည် ယနေ့ နံနက် ၇ နာရီ ၄၀ မိနစ်တွင် တတန့်ကူးကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၇၀၀ ခန့်အကွာသို့ အရောက်၌ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပါဝင်သော အင်အား ၁၀ ဦးခန့်က လက်နက်ငယ်များဖြင့် ပစ်ခတ်ရပ်တန့်စေပြီး ယာဉ်မောင်းအား ယာဉ်ပေါ်မှဆင်းခိုင်းကာ မော်တော်ယာဉ်အား မီးရှို့ဖျက်ဆီးခဲ့သည်။

အလားတူ ယနေ့နံနက် ၉ နာရီ ၁၀ မိနစ်တွင်လည်း မြဝတီမှ ရန်ကုန်သို့ ပြေးဆွဲနေသည့် ရွှေစင်စင်္ကြာခရီးသည်တင် မော်တော်ယာဉ်နှင့် ၂၂ ဘီးယာဉ် ၁ စီးတို့အား KKO (ခွဲထွက်)အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပါဝင်သော အင်အား ၁၅ ဦးခန့်က တတန့်ကူးကျေးရွာ၏ အရှေ့ဘက် မီတာ ၃၀၀ ခန့် အကွာရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းသစ်၌ ယာဉ်များအား ရပ်တန့်စေပြီး ခရီးသည်များနှင့် ယာဉ်မောင်းများအား ယာဉ်များပေါ်မှ ဆင်းခိုင်း၍ မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့ပြင် ဖာပွန်-ကမမောင်း လမ်းကြောင်းတစ်လျှောက် လုံခြုံရေးဆောင်ရွက်ရန် ထွက်ခွာလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ယနေ့နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပါဝင်သော အင်အား ၃၀ ဦးခန့်က တတန့်ကူးကျေးရွာအနီးရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းသစ်၌ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဖြစ်စဉ်နေရာတစ်ဝိုက်အား လုံခြုံရေးလုပ်ငန်းများ ဆက်လက်တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အစိုးရရုံး အဆောက်အဦများနှင့် အများပြည်သူ နေအိမ်များအပြင် အများပြည်သူသွားလာနေသည့် လမ်းမကြီးများနှင့် ခရီးသွားပြည်သူများအား ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် လူမှုစီးပွားကို ထိခိုက်ပျက်စီးစေပြီး ကုန်စည်စီးဆင်းမှုကို အဟန့်အတားဖြစ်စေသည့် အကြမ်းဖက်လုပ်ရပ်များကို တဖတ်သက်အစွန်းရောက် ဝါဒစွဲအပေါ် အခြေခံကာ အသိဉာဏ်နည်းပါးစွာ မီးရှို့ဖျက်ဆီးခဲ့သည့် PDF အကြမ်းဖက်သမားများအား ဖော်ထုတ်အရေးယူနိုင်ရေးနှင့် နယ်မြေလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်အဖွဲ့များက ဖျက်ဆီးသွားသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အကြမ်းဖက်လှုံ့ဆော်မီဒီယာတစ်ခုဖြစ်သော Khit Thit Media က တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးသည်ဟု မမှန်မကန် ရေးသားဖြန့်ဝေခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)