MNP - မတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မြောင်းမြခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုကဲ့သို့ ဆောင်ရွက်ရာတွင် မြောင်းမြခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်စိုးဦးဆောင်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီး ဌာနတို့ ပူးပေါင်း၍ အိမ်မဲမြို့နယ် အင်းတမိသက္ကာယ်ကျေးရွာ၊ အင်းတမိသက္ကယ် အ.လ.က (ခွဲ)ကျောင်းနှင့် ရွာသစ်ကျေးရွာထိပ်နှင့် ရွာသစ်ဈေးနေရာများတွင် နှာခေါင်းစည်း တပ်ဆင်ရေး အတွက် Mask Campaign နှင့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ယခုလ (၆)ရက်နေ့ကလည်း မြို့မဈေးကြီး အနီးတွင် Mask Campaign များ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သတင်း - ချစ်သက်လယ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment