အိမ်မဲမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်(MCCT)ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်(MCCT)ဆောင်ရွက်


MNP - မတ်    ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များ အား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်(MCCT)ကို မတ်လပထမပတ်အတွင်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များ အား ငွေကြေးထောက်ပံ့ခြင်း (MCCT) အစီအစဉ် ထောက်ပံ့ရာတွင် အိမ်မဲမြို့နယ်အတွင်းရှိ ဌာန ဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ MCCT တာဝန်ခံများမှ တစ်ဆင့် လက်ဝယ်ထောက်ပံ့သွားမည်ဖြစ်ကြောင်းနှင့် MCCT အစီအစဉ်တွင် ယခင်က အကျိုး ခံစားခွင့် ရရှိပြီးသော ကလေးများ၊ အကျိုးခံစားခွင့် ရရှိပြီးသော ကိုယ်ဝန်ဆောင်မိခင်မှ မွေးဖွားလာသော ကလေးငယ် (၂၂၆၀)ဦးသည်တစ်ဦးလျှင် ထောက်ပံ့ကြေးငွေ ၄၅၀၀၀/- ကျပ်၊ စာရင်းအသစ် သွင်းထားသော ကိုယ်ဝန်ဆောင်မိခင်များ အနေဖြင့် ကိုယ်ဝန် (၂) လရှိ မိခင် (၅၁)ဦးသည် တစ်ဦးလျှင် ၁၅၀၀၀/-ကျပ်၊ ကိုယ်ဝန် (၃)လရှိ မိခင် (၂၅၄)ဦးသည် တစ်ဦးလျှင် ၃၀၀၀၀/-ကျပ်၊ ကိုယ်ဝန် (၄) လရှိ မိခင် (၂၈၃၉)ဦးသည် တစ်ဦးလျှင် ၄၅၀၀၀/-ကျပ် စုစုပေါင်း MCCT ထောက်ပံ့ငွေ ၂၃၇၉၃၀၀၀၀/- ကျပ် (နှစ်ထောင့်သုံးရာခုနစ်ဆယ့်ကိုးသိန်းသုံးသောင်း ကျပ်)ကို ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။

"ကျွန်မတို့ လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာ သော အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် (MCCT) ထောက်ပံ့ပေးရသည့် ရည်ရွယ်ချက်များမှာ ကလေးများအတွက် ဖွံ့ဖြိုးမှုအမြင့်ဆုံး ဖြစ်သည့် ကလေးဘဝအစ ရက်ပေါင်း (၁၀၀၀) အတွင်း မိခင်ရောကလေးပါ အာဟာရပြည့်စွာ စားသုံးတတ်သည့် အမူအကျင့်ကောင်းများ ရရှိကြစေရန်၊ မိခင်ရော ကလေးပါ ကာကွယ်ဆေး များ ထိုးကြရမည့် အမူအကျင့်ကောင်းများ ရရှိကြစေရန်၊ မွေးစာရင်း ပြုလုပ်ကြရန်၊ ကလေးမွေးတိုးစာရင်း ပြုလုပ်ကြရန်၊ ကလေးပြုစုစောင့်ရှောက်မှု အသိပညာများ ရရှိကြစေရန်၊ သားဆက်ခြား မိသားစုစီမံကိန်း စနစ်တကျ ဆောင်ရွက်တတ်စေရန်၊ လက်သန့်ရှင်းရေး စနစ်တကျ ပြုလုပ်တတ်စေရန်၊ ကျန်းမာရေးဗဟုသုတများ သိရှိပြီး ကျန်းမာရေးနှင့် အညီ နေထိုင်တတ်စေရန်၊ ကိုယ်ဝန်ဆောင်များနှင့် ကလေးများအား စနစ်တကျ ပြုစုစောင့်ရှောက် ပေးရမည့် အသိပညာများ ရရှိကြစေရန်၊ ကလေးများ၏ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်၊ မိခင်နို့တိုက်ကျွေးခြင်း၏ အကျိုး ကျေးဇူးများကို သိရှိစေရန်၊ အထူးပြုစုစောင့်ရှောက်ရန် လိုအပ်သော ကလေးငယ်များစောစီးစွာပြုစု၊ကုသနိုင်စေရန်၊အရပ်ပုညှက်မှုနှုန်းလျော့ကျစေရန်၊

ကိုယ်ဝန်ဆောင်နှင့် ၂ နှစ်အောက် ကလေးသေဆုံးမှုနှုန်းကို လျော့ချနိုင်ရန်၊ ထောက်ပံ့ငွေများ အား အာဟာရအတွက် အဓိကအသုံးပြုရန်၊ ကလေးများ၏ ခန္ဓာကိုယ်ရော ဉာဏ်ရည်ပါ ဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံးရရှိကြစေရန်၊ အသက်အရွယ်ကြီးမြင့်လာသည့် အချိန်တွင် နာတာရှည်ရောဂါများ ဖြစ်ပွားမှုနှုန်း လျော့ကျစေရန်နှင့် မိသားစု၏ စီးပွားရေး ထိခိုက်မှု လျော့နည်းစေရန်၊ ဘေးဒုက္ခများ ဖြစ်ပွားလာပါက မိသားစု အာဟာရအတွက် တစ်ဖက် တစ်လမ်းမှ အထောက်အကူဖြစ်စေရန်၊ ကျန်းမာသန်စွမ်းသော နိုင်ငံသားကောင်း သမီးကောင်း လေးများ ဖြစ်လာကြပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် စွမ်းအားပြည့် ဆောင်ရွက်နိုင်ကြရန်" အစရှိသည့် ရည်ရွယ်ချက်များဖြင့် ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါ်ဝေဝေထွန်း (မြို့နယ်တာဝန်ခံ) ပြောကြားချက်အရ သိရ သည်။

သတင်း - ချစ်သက်လယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)