ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ( TalkShow) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ( TalkShow) ပြုလုပ်


MNP ၊  မတ် ၁၁

သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်သံတွဲမြို့နယ်အလုပ်ရုံအလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ပူးပေါင်း ဆောင်ရွက်သည့် ကလေးအလုပ်သမားပပျောက်ရေး အသိ ပညာပေး   ( TalkShow)ကို ယမန်နေ့မွန်းလွဲ ၂ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။

ထိုသို့ပြုလုပ်ရာတွင် သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ပြည်သူများသိသင့်သိထိုက်သည့်ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆိုင်ရာများကို မေးမြန်းဆွေးနွေးခဲ့ရာ သံတွဲမြို့နယ်အလုပ်ရုံအလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနတို့ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်အဲလစ်အေးက ကလေး အလုပ်သမားပေါ်ပေါက်လာရသည့်အကြောင်းရင်း၊ ကလေးအလုပ်သမားများ အပေါ်အကာအကွယ်ပေးသည့်ဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ကလေးအလုပ်သမားအများဆုံး တွေ့ရှိရသည့် အကြောင်းရင်းများ၊ ကလေးအလုပ်သမားများ အပေါ်ခိုင်းစေမှုကြောင့် အရေးယူဆောင်ရွက်သည့် ပြစ်မှု၊ ပြစ်ဒဏ်များနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက်  ဆောင်ရွက်ပေးနေမှုအခြေအနေများကို ပြည်သူများသိရှိ လိုက်နာနိုင်ရေးအတွက်အကျယ်တဝင့် ပြန်လည်ရှင်းလင်း  ပြောကြားခဲ့ကြောင်းသိရသည်။  


သတင်း - သန့်ဇင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)