လေးမျက်နှာမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်အား ဆက်လက်ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

လေးမျက်နှာမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်အား ဆက်လက်ဖြေဆို



MNP - ဧပြီ    ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် မတ်လ ၃၁ ရက်နေ့မှစတင်ကာ အခြေခံပညာအထက်တန်းအဆင့် တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုလျက်ရှိပြီး ယနေ့ဧပြီလ ၄ ရက်နေ့တွင် စတုတ္ထမြောက်နေ့အဖြစ် ဓာတုဗေဒဘာသာအား ဖြေဆိုလျက်ရှိသည်။

လေးမျက်နှာမြို့နယ်တွင် စာစစ်ဌာန(၆)ခုရှိပြီး အ.ထ.က-လေးမျက်နှာ စာစစ်ဌာနတွင် စာရင်းရှိ ၄၆ ဦး၊ ဖြေဆို ၄၄ ဦးနှင့် ပျက်ကွက် ၂ ဦးရှိကြောင်း၊ အ.ထ.က-အိုင်သပြု စာစစ်ဌာနတွင် စာရင်းရှိ ၇၀ ဦး၊ ဖြေဆို ၆၈ ဦးနှင့် ပျက်ကွက် ၂ ဦးရှိကြောင်း၊ အ.ထ.က-ခမောက်စု စာစစ်ဌာနတွင် စာရင်းရှိ ၃၁ ဦး၊ ဖြေဆို ၃၁ ဦးနှင့် ပျက်ကွက်မရှိ၊ အ.ထ.က-မဲဇလီစာ စစ်ဌာနတွင် စာရင်းရှိ ၃၈ ဦး၊ ဖြေဆို ၃၇ ဦးနှင့် ပျက်ကွက် ၁ ဦးရှိကြောင်း၊ အ.ထ.က-ပန်းတောကြီး စာစစ်ဌာနတွင် စာရင်းရှိ ၂၄ ဦး၊ ဖြေဆို ၂၃ ဦးနှင့် ပျက်ကွက် ၁ ဦးရှိကြောင်း၊ အ.ထ.က-လှော်ကထား စာစစ်ဌာနတွင် စာရင်းရှိ ၅၅ ဦး၊ ဖြေဆို ၅၂ ဦးနှင့် ပျက်ကွက် ၃ ဦးရှိကြောင်း၊ တစ်မြို့နယ်လုံးအနေဖြင့် စာရင်းရှိ ၂၆၄ ဦး၊ ဖြေဆို ၂၅၅ ဦးနှင့် ပျက်ကွက် ၉ ဦးရှိပြီး (၉၆.၅၉)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လေးမျက်နှာမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်းကာ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ကျော်ဟိန်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)