MNP - ဧပြီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားဆိုင်ရာ အသိပညာပေး (Talk Show) ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်အေးမြင့်သိန်းက အသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဒီလွင်က မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန် ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံအားကစား သင်တန်းများအဖြစ် ဘောလုံး၊ ပြေးခုန်ပစ်၊ ရိုးရာခြင်းလုံး၊ စားပွဲတင်တင်းနစ်၊ မြန်မာ့သိုင်း၊ ကြက်တောင်၊ အေရိုးဗစ်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး အားကစားနှင့် ပတ်သတ်၍ သိရှိလိုသည်များကို မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း အသိပညာပေး ပြောကြားခဲ့သည်။
သတင်း - ဝေယံ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment