မြဝတီမြို့၌ လူငယ်များ ဘဝရည်မှန်းချက်ပန်းတိုင်ကို ကောင်းမွန်စွာလျှောက်လှမ်းနိုင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့၌ လူငယ်များ ဘဝရည်မှန်းချက်ပန်းတိုင်ကို ကောင်းမွန်စွာလျှောက်လှမ်းနိုင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

 


MNP - ဧပြီ    ၄

နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိသကဲ့သို့ လူငယ်လူရွယ်များ စာပေဗဟုသုတကြွယ်ဝပြီး ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ရေး ရည်ရွယ်ချက်ဖြင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်မာမာရီက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် စာရေးဆရာ ဦးအောင်နိုင်ဦး(မောင်ရဲမာန်-မြဝတီ)က လူငယ်တွေအတွက် ပညာရေးဟာ အဓိကရည် မှန်းချက်ဖြစ်ပြီး ပညာဆိုရာမှာ စာပေသာမက အသိပညာ၊ အတတ်ပညာ၊ အနုပညာ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာ၊ ကိန်းဂဏာန်းဆိုင်ရာအတွက် အချက်ပညာ၊ စီမံခန့်ခွဲမှုပညာ၊ ဥပဒေပညာ၊ ဆေးပညာ၊ အရောင်းအ ဝယ် ကုန်သွယ် ပညာစသဖြင့် ပညာရပ်အမျိုးမျိုး ရှိပါကြောင်း၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားရမှာ ဖြစ်ပါကြောင်း၊ လူငယ်နဲ့ စာရိတ္တကောင်းမွန်မှန်ကန် ရေးသည်လည်း အရေးကြီးပါကြောင်းနှင့် လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့်ကြီးပွားရေး၊ မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေးဆိုင်ရာများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

သတင်း - ထိန်လင်းအောင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)