မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများအား ကွင်းဆင်းထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများအား ကွင်းဆင်းထိုးနှံပေး



MNP - ဧပြီ   ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးနိုင်ရေး အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်‌ဆေး လုံးဝမထိုးနှံရသေးသူများအား ရပ်ကွက်ကျေးရွာများ အရောက်   ယနေ့ နံနက်ပိုင်းက အမှတ် (၁)ရပ်ကွက် ဘုန်းတော်ကြီးကျောင်းတွင် ဆေးထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေး မှူးများက ရပ်ကွက်ကျေးရွာများရှိ ဆေးထိုးစုရပ်များတွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများအား ကာကွယ်ဆေးထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

သတင်း - အောင်ခိုင်၊ အောင်မြင့်မြတ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)