ကသာခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံအင်္ဂလိပ်စကားပြော သင်တန်းဆင်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကသာခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံအင်္ဂလိပ်စကားပြော သင်တန်းဆင်းပွဲကျင်းပ


MNP - ဧပြီ    ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံအင်္ဂလိပ်စကားပြော သင်တန်း ဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်တွင် ပြုလုပ်သည်။

အဆိုပါသင်တန်းကို နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အလယ်တန်း/အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား  မတ်လ(၃၀)ရက်နေ့မှ ဧပြီလ(၈)ရက်နေ့အထိ အခမဲ့ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး စေတနာရှင် ဆရာမ ဒေါ်မေသက်ခိုင် က သင်ကြားပို့ချပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူပေါင်း(၃၂)ဦး တက်ရောက် ပညာသင်ယူခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)