တရားမဝင် ကျွန်းသစ်၊ မွေးမြူရေးလုပ်ငန်းသုံးပစ္စည်းများနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၈,၉၂၂,၃၆၄) ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားမဝင် ကျွန်းသစ်၊ မွေးမြူရေးလုပ်ငန်းသုံးပစ္စည်းများနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၈,၉၂၂,၃၆၄) ဖမ်းဆီးရမိ

 




MNP ၊ ဧပြီ ၁

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၃၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် TMT ဆိပ်ကမ်းကုန်သေတ္တာစစ်ဆေး ရေးစခန်း၌ ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုမရှိသော မွေးမြူရေးလုပ်ငန်းသုံးဆေးဝါးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅,၆၄၈,၆၀၄) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။


အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာ့စက်မှုဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဌာနခွဲမှ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)နှင့် ကိုက်ညီမှုမရှိသော အိမ်သုံးလျှပ်စစ် ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁,၅၄၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ထို့အတူ ဧပြီ ၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ  တောင်ငူခရိုင် နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင် ကျွန်းသစ် (၇ ဒသမ ၀၆၂၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၇၃၃,၇၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။  


သို့ဖြစ်ပါ၍ မတ် ၃၁ ရက်နှင့် ဧပြီ ၁ ရက် တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၅)မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၈,၉၂၂,၃၆၄) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)