MNP - ဧပြီ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အလယ်တန်း/အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား အခြေခံ အင်္ဂလိပ်စကားပြောသင်တန်းကို မတ်လ(၃၀)ရက်နေ့မှစ၍ ယနေ့ အထိ အခမဲ့ ဖွင့်လှစ်သင်ကြားလျက် ရှိသည်။
အဆိုပါသင်တန်းကို မတ်လ(၃၀)ရက်နေ့မှ ဧပြီလ(၈)ရက်နေ့အထိ (နံနက်(၉)နာရီမှ (၁၀)နာရီ အထိ) (၁၀)ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး စေတနာရှင် ဆရာမ ဒေါ်မေသက်ခိုင်က သင်ကြားပေးသည်။ သင်တန်းစတင်ဖွင့်လှစ်သည့်နေ့တွင် ကျောင်းသား/သူ(၂၇)ဦး တက်ရောက် ခဲ့ရာ တတိယမြောက်နေ့တွင် ကျောင်းသား/သူပေါင်း(၃၇)ဦး တက်ရောက်ပညာသင်ယူလျက် ရှိသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment