ဗန်းမော်မြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗန်းမော်မြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပ





MNP - ဧပြီ    ၁၄

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက်နေ့တွင် ကျရောက်သော မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် (အကြိုနေ့) ကို  ကချင်ပြည်နယ် ဗန်းမော်မြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဗန်းမော်မြို့ ၂ မိုင်အောင်သာရပ်ကွက်ရှိ ဗလမင်းထင်ဂေါက်ကွင်းအနီး၌ ဗဟိုမဏ္ဍပ်အား တာဝန်ရှိများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ ဖွင့်ပွဲတွင် မဟာသင်္ကြန်ပွဲတော်ကျင်းပရေး နာယကအဖွဲ့၊ ဗန်းမော်ရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က မဟာသင်္ကြန်ပွဲတော် နှစ်သစ်ကူးအကြို နှုတ်ခွန်းဆက် အဖွင့်အမှာ စကားပြောကြားသည်။ ယင်းနောက် မဟာသင်္ကြန်ပွဲတော်ကျင်းပရေး နာယကအဖွဲ့၊ ဗန်းမော်ရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် တာဝန်ရှိသူများက ဗန်းမော်ခရိုင် မဟာသင်္ကြန် ပွဲတော်ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ "သင်္ကြန်မိုး" သီချင်းဖြင့် ယိမ်းအက အဖွဲ့မှ အကအလှများဖြင့် စတင်ကပြဖျော်ဖြေကြရာ တာဝန်ရှိသူများက နံ့သာရေများဖြင့် ပက်ဖြန်းပြီး တက်ရောက်လာသူများက ပျော်ရွှင်စွာ ‌ရေကစားခြင်း၊ အကအလှများနှင့် တေသီချင်းများကို ကပြဖျော်ဖြေခဲ့သည်။

ဆက်လက်၍ ဗန်းမော်မြို့၌ မဟာသင်္ကြန်မဏ္ဍပ်ကို သင်္ကြန်အကြိုနေ့မှ သင်္ကြန်အတက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။      

သတင်း - ကိန်းဖြူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)