နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေး တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေး တက်ရောက်



MNP ၊ ဧပြီ ၈

လူငယ်လူရွယ်များ နွေရာသီအားလပ်ရက်တွင် အချိန်များကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ အားကစားနည်းအလိုက် နည်းစနစ်မှန်ကန်စွာ သိရှိတတ်ကျွမ်းလာစေရန်၊ ထူးချွန်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ နိုင်ငံတော်မှ အားထားရသည့် မျိုးဆက်သစ်အားကစား မောင်မယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၂ ခုနှစ်၊ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၃)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက လူငယ်လူရွယ်များ နွေရာသီအားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်ပြီး အားကစားနည်း အလိုက် နည်းစနစ်များမှန်ကန်စွာ သိရှိတတ်ကျွမ်းလာစေရေး၊ နိုင်ငံ့လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် အထောက်အကူပြုနိုင်ရေး၊ လူတစုအားကစားမှ ပြည်သူတရပ်လုံး ပါဝင်သော လူထုအားကစား ဖြစ်ပေါ်လာစေရေးတို့အပြင် အားကစားဆောင်ရွက်ခြင်းဖြင့် လူငယ်များ၏ ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေး၊ လူမှုရေး၊ စွမ်းရည်၊ လူ့ကျင့်ဝတ် ဘက်စုံဖွံ့ဖြိုးတိုးတက် လာစေရန်၊ အားကစားဆောင်ရွက်ခြင်းဖြင့် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်လာစေရန်ဖြစ်ကြောင်း၊ ဒီသင်တန်းများက အစပြုပြီး အနာဂတ်ကို ပိုမိုကောင်းမွန်အောင် ဦးဆောင်ပေးနိုင်သည့် အကျင့်စာရိတ္တ ကောင်းသည့် လူငယ်များ၊ အချိန်လေးစားသည့် လူငယ်များ၊ စည်းကမ်းလိုက်နာသည့် လူငယ်များ၊ သန့်ရှင်းမျှတသည့် စိတ်ရှိသော လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်သွားမှာဖြစ်ကြောင်း၊ နွေရာသီ အခြေခံအားကစာသင်တန်းအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် အလေးထားပြီး ဝိုင်းဝန်းဆွေးနွေးပေးစေလို့ ပြောကြားသည်။

ထို့နောက် နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးက နွေရာသီ အားကစားသင်တန်းဖွင့်လှစ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာသူများမက သက်ဆိုင်ရာကဏ္ဍများအလိုက်ရှင်းလင်းဆွေးနွေးကြရာ နေပြည် တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


သတင်း - ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)