ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကရင်အနုပညာရှင်များအသင်းနှင့် တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကရင်အနုပညာရှင်များအသင်းနှင့် တွေ့ဆုံ




MNP ၊ ဧပြီ ၈

ပြည်နယ်အတွင်း ယဉ်ကျေးမှုအနုပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ကရင်အနုပညာရှင်များအသင်း တွေ့ဆုံပွဲကို ဧပြီလ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။


ဦးစွာ ကရင်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကရင်အနုပညာရှင်များက တစ်ဦး ချင်း မိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အနုပညာဆိုသည်မှာ လူ့ယဉ်ကျေးမှုနှင့် လူ့အဖွဲ့ အစည်းများ၌ တွေ့ရှိရသော စိတ်ကူးဉာဏ်စွမ်းဖြင့် ရသမျိုးစုံဖြစ်ပေါ်အောင်ဖန်တီးခြင်းနှင့် ရုပ်ပိုင်း ဆိုင်ရာဖော်ပြချက်များကို ရည်ညွှန်းခြင်းဖြစ်ကြောင်း၊ အနုပညာကြောင့်လူဘောင်လောက တိုးတက် သာယာဝပြောဖို့ လိုပြီးအဆိုးဘက်ကိုဦးတည်မှုအား ရှောင်ရှားဖို့လိုကြောင်း၊ တိုင်းပြည် တည်ဆောက်ရာတွင် အနုပညာရှင်များသည် အရေးကြီးသည့် အခန်းကဏ္ဍများမှ ပါဝင်ပြီး အနာ ဂတ်မျိုးဆက်သစ်လူငယ်မောင်မယ်များအား အနုပညာအမွေအနှစ်များ လက်ဆင့်ကမ်းပေးနိုင်ရန် ကရင်အနုပညာရှင်များအသင်းမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်နှင့် လိုအပ်သည့် ပံ့ပိုးကူညီ မှုများကို ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။


ထို့နောက် ကရင်အနုပညာရှင်များအသင်းနာယက ဦးစောမြင့်သူက ကရင်အနုပညာရှင်များ အသင်း၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ငွေကျပ် ၁၀ သိန်းကိုထောက်ပံ့ပေးအပ်ရာ ကရင်အနုပညာရှင်များက လက်ခံရယူခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ကရင်အနုပညာရှင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)