နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် နေပြည်တော်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်နိုင်ရေး နိုင်-၄ မှတ်တမ်းများ စာရင်းရေးသွင်းခြင်းဆိုင်ရာနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် နေပြည်တော်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်နိုင်ရေး နိုင်-၄ မှတ်တမ်းများ စာရင်းရေးသွင်းခြင်းဆိုင်ရာနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်



MNP ၊ ဧပြီ ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်နိုင်ရေး နိုင်-၄ မှတ်တမ်းများ စာရင်းရေးသွင်းခြင်းဆိုင်ရာနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) နှင့် လူတစ်ဦးချင်းအား ထုတ်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မှတ်တမ်းတင်စာရင်းပုံစံ နိုင်-၄ ကို အသုံးပြုပြီး အပြန်အလှန်စစ်ဆေးထားနိုင်ရေးကို IT နည်းပညာဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း၊ နေပြည်တော် အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်တွင် ဆောင်ရွက်မည့် နိုင်-၄ မှတ်တမ်းများ စာရင်းရေးသွင်းခြင်းကို အချိန်မီ ပြီးစီးရေးနှင့် မှန်ကန်မြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းက နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်နိုင်ရေး နိုင်-၄ မှတ်တမ်းများ စာရင်းရေးသွင်းခြင်းဆိုင်ရာနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ် နိုင်ရေး နိုင်-၄ မှတ်တမ်းများ စာရင်းရေးသွင်းခြင်း လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က တင်ပြဆွေးနွေးချက်များအပေါ် ဖြည့်စွက် ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)