ပေါင်မြို့တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ


MNP ၊ ဧပြီ ၈

သထုံခရိုင်၊ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေး(Talk Show)ကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက သဘာဝပတ်ဝန်းကျင်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များနှင့် အသိပညာ ဗဟုသုတများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးရည်ရွယ်ချက်ဖြင့် Talk Show ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြား သည်။

ထို့နောက် ပေါင်မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးမိုးကျော်သူမှ သစ်တောပြုန်းတီးမှုမရှိစေရေး ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ အစားထိုးအပင်စိုက်ပျိုးပေးနေမှုအခြေအနေများ၊ ပင်လယ်ရေတိုက်စားမှုဒဏ်ကာကွယ်နိုင်ရေး ဒီရေတောစိုက်ပျိုးထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ဂေဟစနစ်တွေနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ထိန်းသိမ်းကာကွယ်ဆောင်ရွက်ပါက ရရှိလာမည့်အကျိုးအကျေးဇူးများနှင့် အမှိုက်များ စနစ်တကျစွန့်ပစ်မှုမရှိပါက သဘာဝပတ်ဝန်းကျင်နဲ့ လူသားများအပေါ်ကျရောက်နိုင်သည့် အန္တရာယ်ဆိုင်ရာများကိုလည်းကောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဒါအပြင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများနှင့် လူသားများ၏ ဆင်ခြင်မဲ့လုပ်ရပ်များကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုနဲ့ သယံဇာတများ တစ်နှစ်မှ တစ်နှစ် ယိုယွင်းပျက်စီးမှုများရှိနေကာ ပင်လယ်ရေနေသတ္တဝါများသည်လည်း မျိုးတုံးပျောက်ကွယ် လုနီးပါးအန္တရာယ်နှင့် ရင်ဆိုင်လာရနိုင်ကြောင်း ပြောဆိုခဲ့သည်။

ထို့သို့ပျက်စီးမှုများအတွက် လူ့အဖွဲ့အစည်းအတွင်း ရေရှည်ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှုများ လုပ်ဆောင်သွားမှသာ မိမိတို့အမှီသဟဲပြုနေရသော မြစ်ဂေဟစနစ်ကြီး ဆက်လက်တည်တံ့သွားနိုင်မည်ဖြစ်သည်။

ထို့ကြောင့် နိုင်ငံ၏သဘာဝရေသယံဇာတများ၊ ဒေသခံလူနေမှု ပုံစံစနစ်များနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကိုပါ အဓိက ထောက်တိုင်သဖွယ်ပံ့ပိုးပေးပြီး သဘာဝဖြစ်စဉ်များကိုပါ ထိန်းညှိ့ပေးနေတာကြောင့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးယိုယွင်းစေတဲ့ လှုပ်ရှားမှုတွေကို တွေ့ရှိပါက သက်ဆိုင်ရာဌာနများကို အကြောင်းကြားပေးစေလိုကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။


သတင်း - တင်ဇာစိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)