သင်္ဃန်းကျွန်းမြို့နယ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစားမဏ္ဏပ်ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သင်္ဃန်းကျွန်းမြို့နယ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစားမဏ္ဏပ်ဖွင့်လှစ်



MNP - ဧပြီ   ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းပိုင်းခရိုင်၊ သင်္ဃန်းကျွန်း မြို့နယ်တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစားမဏ္ဏပ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က သင်္ဃန်းကျွန်းမြို့နယ်၊ ရန်အောင်ရပ်ကွက်၊ ဉီးဘဟန်လမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးရှေ့ရှိ ရေကစားမဏ္ဏပ်၌ ကျင်းပသည်။

အဆိုပါဖွင့်ပွဲတွင် သင်္ဃန်းကျွန်းမြို့နယ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစားမဏ္ဏပ်အား ခမရ (၅၀၅) တပ်မှယာယီတပ်ရင်းမှူး ဗိုလ်မှူးကိုကိုမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇေဝဏ္ဏလှိုင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးညီဖြိုးဝေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနေလင်းအောင်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဉီးနိုင်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။

ဆက်လက်၍ ဧည့်သည်တော်များအား မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ သပြေခက်ဖြင့် ရေပက်ဖျန်းပေးကြသည်။ ထို့နောက် မန်းတောင်ရိပ်ခို သီချင်းသီဆို၍ ရေကစားမဏ္ဏပ် အား ဖွင့်လှစ်ပေးခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်၏ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ပျော်ရွှင်စွာရေကစားခြင်း၊ စတုဒီသာကျွေးမွေးခြင်းများဖြင့် စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - စန္ဒာမိုး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)