နှစ်သစ်ကူးကာလအတွင်း ဖောက်ခွဲတိုက်ခိုက်၊ လုပ်ကြံသတ်ဖြတ်မှုများပြုလုပ်၍ အများပြည်သူကို ခြောက်လှန့်နေသော NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ လုပ်ရပ်အား ကန့်ကွက်ရှုံ့ချကြောင်း သဘောထား ထုတ်ပြန်ချက် - Myanmar National Post

Myanmar National Post

News Agency

Breaking

နှစ်သစ်ကူးကာလအတွင်း ဖောက်ခွဲတိုက်ခိုက်၊ လုပ်ကြံသတ်ဖြတ်မှုများပြုလုပ်၍ အများပြည်သူကို ခြောက်လှန့်နေသော NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ လုပ်ရပ်အား ကန့်ကွက်ရှုံ့ချကြောင်း သဘောထား ထုတ်ပြန်ချက်




 နှစ်သစ်ကူးကာလအတွင်း ဖောက်ခွဲတိုက်ခိုက်၊ လုပ်ကြံသတ်ဖြတ်မှုများပြုလုပ်၍
အများပြည်သူကို ခြောက်လှန့်နေသော NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ လုပ်ရပ်အား
ကန့်ကွက်ရှုံ့ချကြောင်း သဘောထား ထုတ်ပြန်ချက်


ရက်စွဲ ။  ။ ၁၃ - ၄ - ၂၀၂၂

၁၃၈၃ခုနှစ်အကုန် မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ကာလကို အများပြည်သူအနေဖြင့် အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းလိုကြသော်လည်း တည်ငြိမ်အေးချမ်းမှု ကင်းမဲ့အောင် နည်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသော NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ ဖောက်ခွဲတိုက်ခိုက်မှုများ၊ လုပ်ကြံသတ်ဖြတ်မှုများကြောင့် မြန်မာ့နှစ်သစ်ကူးကာလသည် အေးချမ်းစွာ ပျော်ရွှင်နိုင်ခြင်း မရှိဘဲ NLD အစွန်းရောက် အကြမ်းဖက်သမားများ ရန်ပြုတိုက်ခိုက်လာမည်ကို စိုးရိမ်ထိတ်လန့်နေ့ရသည့် အခြေအနေ ဖြစ်ပေါ်လျက်ရှိပါသည်။

သင်္ကြန်မတိုင်မီက NLD အစွန်းရောက် အကြမ်းဖက်သမားများသည် ရန်ကုန်မြို့ပေါ်တွင် မြို့တော်ခန်းမရှေ့ရှိ ရေကစားမဏ္ဍပ်ကို ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြသည့်အပြင် ရှော့တိုက်ဒုံးများ ပစ်ခတ်၍ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်ခြင်းကြောင့် အင်းစိန်မြို့နယ်တွင် အပြစ်မဲ့ ပြည်သူတစ်ဦး သေဆုံးခဲ့ရသည်။

ယနေ့ သင်္ကြန်အကြိုနေ့ နံနက်ပိုင်းကလည်း အေးချမ်းပျော်ရွှင်စွာ ရေကစားနေကြသည့် ပြည်သူများကို တိုက်ခိုက်ရန် ရည်ရွယ်၍ လက်နက်များ၊ လက်ပစ်ဗုံးများဖြင့် ထွက်လာသော NLD အစွန်းရောက် အကြမ်းဖက်သမား (၃)ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်နိုင်ခြင်းကြောင့် အများပြည်သူကို အန္တရာယ်ကျရောက်မှု မရှိခဲ့ခြင်းဖြစ်သည်။ မုံရွာမြို့၊ အလယ်ရပ်ကွက်တွင် NLD အစွန်းရောက် အကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းကြောင့် အပြစ်မဲ့ ပြည်သူတစ်ဦး သေဆုံးခဲ့ရပြီး ၆ဦး ဒဏ်ရာရရှိမှု ဖြစ်ပေါ်ခဲ့ရပါသည်။ 

NLD အစွန်းရောက် အကြမ်းဖက်သမားများသည် နှစ်သစ်ကူးကာလ အေးချမ်းစွာ ပျော်ရွှင်နေကြသည်ကိုပင် နားလည်လက်ခံနိုင်ခြင်း မရှိတော့ဘဲ အပြစ်မဲ့ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသော လုပ်ရပ်များမှာ အလွန်အင်မတန် အောက်တန်းကျသော လုပ်ရပ်များဖြစ်ပါသည်။ တော်လှန်ရေးဟု ခေါင်းစဉ်တပ်၍ ပြည်ပြေး ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများထံမှ လက်နက်၊ ငွေကြေး အထောက်အပံ့ယူ၍ အပြစ်မဲ့ ပြည်သူများကို ပစ်မှတ်ထားတိုက်နေသော လုပ်ရပ်များမှာ အင်မတန် ရှက်ရွံ့ဖွယ်ရာသော အကြမ်းဖက်လုပ်ရပ်များဖြစ်ပါသည်။

NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှု၊ ဖောက်ခွဲတိုက်ခိုက်မှုများအတွင်း အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း ၂၄၀၀ ကျော်အထိ သေဆုံးခဲ့ရပြီး ဖြစ်ပါသည်။ အေးချမ်းပျော်ရွှင်စွာ နှစ်သစ်ကူးကြမည့် ကာလအတွင်းမှာပင် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ၏ သွေးထိုးလှုံ့ဆော်မှုများကို နားယောင်၍ အပြစ်မဲ့ ပြည်သူများကို ပစ်မှတ်ထားကာ ဖောက်ခွဲတိုက်ခိုက်မှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်လျက်ရှိသော NLD အစွန်းရောက် အကြမ်းဖက်ပါတီမှ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများနှင့် ၎င်းတို့၏ အပေါင်းအပါများ၏ အကြမ်းဖက်လုပ်ရပ်များအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။


Myanmar National Post

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)