သာယာဝတီမြို့တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း (၅၀၀၀၀)ပင်ကို ပျိုးထောင်စိုက်ပျိုးထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း (၅၀၀၀၀)ပင်ကို ပျိုးထောင်စိုက်ပျိုးထားရှိ




MNP - ဧပြီ    ၂၇


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် သစ်တောဦးစီးဌာနက ၂၀၂၂ ခုနှစ် မိုးရာသီသစ်တောသစ်ပင် စိမ်းလန်းစိုပြေရေး အတွက် ရာပြည့်ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၅၀၀၀၀)ပင် ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးမှူးထံမှ သိရသည်။


အဆိုပါ ပျိုးဥယျာဉ်တွင်ကျွန်း(၁၆၀၀၀)၊ မန်ဂျန်ရှား(၂၈၀၀၀)၊မဟော်ဂနီ(၁၀၀၀)၊ ပျဉ်းကတိုး (၁၀၀၀)၊ ပိတောက်(၁၀၀၀)၊ ခရေ(၁၅၀၀)၊ ယမနေ (၃၀၀)၊ စိန်ပန်း(၅၀၀)၊ မယ်ဇလီ(၄၀၀)၊ ကိုက္ကိုလ်(၃၀၀) စုစုပေါင်း ပျိုးပင်ပေါင်း(၅၀၀၀၀)ပင်ကို ပျိုးထောင်ထားရှိပြီး ဇွန်လပိုင်း မြေအစိုဓာတ် ရရှိချိန်တွင် ဒေသခံပြည်သူများ စိုက်ပျိုးနိုင်ရန် အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ဝဲကျေးရွာအနီး ကမ်းနီကြိုးဝိုင်း ကွင်းအမှတ် (၁၂၂)စိုက်ခင်း ပျိုးဥယျာဉ်တွင် ၂၀၂၂ မိုးရာသီစိုက်ပျိုးရန် စီးပွားရေး ကျွန်းစိုက်ခင်း(၂၀၀)ဧကအတွက် ပျိုးပင်ပေါင်း (၁၀၈၀၀၀) ပင်တို့ကို ပျိုးထောင်ထားရှိပြီး သစ်တောဦးစီးဌာနအနေဖြင့် ဇွန်လအတွင်း စိုက်ပျိုးသွားရန် စီစဉ်ထားကြောင်း မြို့နယ်သစ်တောဦးစီးမှူး ဦးကျော်ဝင်းနိုင် ထံမှ သိရသည်။


သတင်း - သန့်ဇော်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)