မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၊ မင်းလှမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင် ပညာပေး ဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၊ မင်းလှမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင် ပညာပေး ဆွေးနွေးပွဲကျင်းပ




MNP - ဧပြီ   ၂၇

မကွေတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပသည် အဖွဲ့ဝင်များနှင့်အတူ မင်းလှမြို့နယ်၌  ကိုယ်ဝန်ဆောင်မိခင် ပညာပေးဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၅ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ၊ သရက်ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်ယမင်းသူ၊ မင်းလှမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဆရာမများ၊ မြို့ပေါ် ရပ်ကွက်များမှ ကိုယ်ဝန်ဆောင်မိခင်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပက ကိုယ်ဝန်ဆောင် မိခင်များအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး၊ တစ်ကိုယ်‌ရေ ကျန်းမာရေးဆိုင်ရာများ၊ ကိုယ်ဝန်ဆောင်မိခင်များ သိသင့်သိအပ်သော အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးခဲ့သည်။

ထို့နောက် ကျန်းမာရေးဆရာမ ဒေါ်ဇင်မာဝင်းက ကိုယ်ဝန်ဆောင်မိခင်များ တစ်ကိုယ်ရေသန့်ရှင်းစွာ‌နေထိုင်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဖြည့် အစားအစာများနှင့်အလှူငွေများကို ထောက်ပံ့ ပေးအပ်ပွဲပြုလုပ်ရာ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဒေါ်စိုးပပနှင့် အဖွဲ့ဝင်များ၊ သရက်ခရိုင် မိခင်နှင့်က‌လေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်ယမင်းသူ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့် အဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များမှ ကိုယ်ဝန်ဆောင်မိခင်(၃၅)ဦးအား တစ်ဦးလျှင် ကြက်ဥ(၁၀)လုံး၊ ဖီးကြမ်းငှက်ပျော(၁)ဖီး၊ ကယ်ဆမ်‌ကွေကာတစ်ပါကင်(၁)ထုတ်နှင့် အလှူငွေ(၅၀၀ဝိ/)ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။

သတင်း - ဇာဇာ

မြန်မာနေရှင်နယ်ပို့စ်                                                                                                                                 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)