ပေါင်းတည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်းတည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေး



MNP - ဧပြီ   ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာပြည်ခရိုင်၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးသန်းရွှေက ပေါင်းတည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးရန် အကြုံးဝင်သူ ပြည်သူများအားလုံး ဧပြီလကုန်အပြီး ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ရှင်းလင်းဆွေးနွေး ခဲ့သည်။

ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် အဖွဲ့ဝင်များလိုက်ပါလျက်မှတ်တိုင် ကျေးရွာဆေးထိုးစုရပ်များအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ မဲခေါင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲသို့ ရောက်ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ရှင်းလင်းပြောကြားပြီး ကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ကြို့ပင်သာကျေးရွာ အုပ်စု ဖားယားကြီးကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး ဧပြီ ၃၀ ရက်နေ့မတိုင်မီ ကာကွယ်ဆေးအပြီး ထိုးနှံထားနိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - အေးအေးဆင့်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)