မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲ ကျင်းပ



MNP - ဧပြီ    ၂၇

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးသန်းဆွေဝင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ယမန်နေ့ညနေ ၅ နာရီက မင်းလှမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပရာ၊ သရက်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေး မှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးသန်းဆွေဝင်းက ပြောကြားရာတွင် လုံခြုံရေးကို အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မဲစာရင်းပြုစု ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို သက်ဆိုင်ရာဌာနများနှင့်အတူ အားလုံးပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်မည် ဖြစ်ကြောင်း၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ ထုတ်ပေးနိုင် ရေးဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို မြို့နယ်လုံးကျွတ် ထိုးနှံနိုင်ရေးအတွက် ကျန်ရှိသူများအား  အိမ်တိုင်ရာရောက် လိုက်လံထိုးနှံပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံ နေကြာ စိုက်ပျိုးမှုကို စိုက်ပျိုးရေးဦးစီးဌာနက နည်းပညာနှင့်ပူးပေါင်း၍ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုပါ ကြောင်း၊ ဌာနဆိုင်ရာများအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ကြရန်တို့အား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ်၏ ဒေသဆိုင်ရာ အကျဉ်းချုပ်အား တင်ပြရှင်းလင်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက ဒေသဖွံ့ဖြိုးရေးအတွက် စည်းလုံးညီညွတ်မှုဖြင့် ရပ်မိရပ်ဖများ ဌာနဆိုင်ရာများ ပူးပေါင်း၍ မိမိဒေသအေးချမ်းရေးနှင့် သာယာဝပြောရေးကို ဆောင်ရွက်ပေးကြရန် ဖြည့်စွက်မှာကြားခဲ့ ကြောင်း သိရသည်။

သတင်း - ဇာဇာ

မြန်မာနေရှင်နယ်ပို့စ်                                                                                                                              

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)