ရမ်းဗြဲမြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရမ်းဗြဲမြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

 











MNP ၊ ဧပြီ  ၁၃  

မြန်မာသက္ကရာဇ်  ၁၃၈၃ -ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၂ - ခုနှစ်တွင်ကျရောက်သည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၅ နာရီအချိန်က ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌စည်ကားသိုက်မြိုက်စွာကျင်းပကြကြောင်း သိရသည်။

    

အဆိုပါ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မဟာသင်္ကြန်ပွဲတော် ဦးစီးကျင်းပရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရှိရပ်ကွက်(၆ )ခုမှ အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ မြို့ပေါ်ရှိပြည်သူများနှင့်ယိမ်းအကအဖွဲ့များတက်ရောက်ကြသည်။


ရှေ့ဦးစွာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်သန်း က မဟာသင်္ကြန်ပွဲ‌‌တော်နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး မဟာသင်္ကြန်ပွဲတော်ဦးစီးကျင်းပရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များက မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ကို  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပါသည်။ ၎င်းနောက် အခမ်းသို့တက်ရောက်လာသူများကို အတာသင်္ကြန်ရေများပက်ဖြန်းပေးပြီးနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ယိမ်းအကလှပျိုဖြူများက မန်းတောင်ရိပ်ခိုသီချင်းဖြင့်လည်း ကောင်း၊ အမှတ်(၃)ရပ်ကွက်မှမေမေများအဖွဲ့၊စိုက်ပျိုးရေးဦးစီးဌာနကိုယ်စားပြုကလေးငယ်များရဲ့ယိမ်းအကနှင့်ပညာရေးဌာနမှယိမ်းအကအလှတို့ဖြင့် ဖြေဖျော်ကြပြီး ဧည့်ခံကျွေးမွေးရေးအဖွဲ့(၁)မှ ရွှေရင်အေးမုန့်များဖြင့်ဧည့်ခံကျွေးမွေးပေးကြပါသည်။

    

ရမ်းဗြဲမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်မှဦးဆောင်၍မြို့ပေါ်ရှိရပ်ကွက်များတွင်သင်္ကြန်ရေကစားမဏ္ဍပ်များဆောက်လုပ်ထားရှိလျက်မြို့နယ်အတွင်းရှိပြည်သူများမှ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့မှစ၍ ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ထိစည်ကားသိုက်မြိုက်စွာကျင်းပကြမည်ဖြစ်ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)