မအီမြို့တွင် နှစ်သစ်ကူးအတာသင်္ကြန် မြို့မဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မအီမြို့တွင် နှစ်သစ်ကူးအတာသင်္ကြန် မြို့မဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကျင်းပ









MNP ၊ ဧပြီ     ၁၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် နှစ်သစ်ကူးအတာသင်္ကြန် မြို့မဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မအီမြို့၊ အမှတ်(၃)ရပ်ကွက်၊ ရန်ကုန်-ကျောက်ဖြူ ကားလမ်းမဘေးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးကျော်ပု၊ ခလရ(၉၈)မှ ဒုတိယဗိုလ်မှူးကြီးသိန်းစောနိုင်၊ မအီနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ဝင်ထွန်းနိုင်၊ မအီတိုက်နယ်ဆေးရုံမှ တာဝန်ခံဆရာဝန်ဒေါက်တာမင်းနိုင်ကျော်နှင့် မအီမြို့ပေါ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် မြို့မိမြို့ဖများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ဆက်လက်ပြီး ယိမ်းအကအဖွဲ့မှ မန်းတောင်ရိပ်ခိုသီချင်းဖြင့် သီဆိုကပြခဲ့ကြပြီး တက်ရောက်လာသူများမှ မြန်မာ့ရိုးရာအစဉ်အလာအတိုင်း နံ့သာရေပက်ဖျန်းခြင်း၊ ရေကစားခြင်းများပြုလုပ်ခဲ့ကြသည်။ 

ဖော်ပြပါဗဟိုမဏ္ဍပ်ကို မအီမြို့ပေါ်လူငယ်များမှ ပူးပေါင်း၍ မိမိတို့ဒေသမဟာသင်္ကြန်ကို စည်ကားသိုက်မြိုက်ပျော်ရွင်စွာ တည်ရှိစေရန်ရည်ရွယ်၍ အကောင်အထည်ဖော်စီစဉ်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်းနှင့် အဆိုပါမဏ္ဍပ်တွင် သင်္ကြန်ကာလတစ်လျှောက် ပျော်ပါးစွာရေကစားခြင်း၊ စတုဒီသာကျွေးခြင်း၊ တောင်ကုတ်မြို့မှ FINGERS  PLUS တီးဝိုင်းဖြင့် သီဆိုဖျော်ဖြေမှုများကို ဧည့်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုမဏ္ဍပ်ဖြစ်မြောက်ရေးကော်မတီမှ ကိုကျော်စွာထွန်းကပြောကြားသည်။


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)