တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၁၃၈၃ ခုနှစ် ၊ တနင်္သာရီတိုင်းဒေသကြီး၊မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၁၃၈၃ ခုနှစ် ၊ တနင်္သာရီတိုင်းဒေသကြီး၊မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်














MNP ၊ ဧပြီ ၁၃

မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော်ဖြစ်သော ၁၃၈၃ ခုနှစ် ၊ မဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားကိုတနင်္သာရီ တိုင်းဒေသကြီး၊  ထားဝယ်မြို့ ၊ မြို့တော်ခန်းမရှေ့၊ဗဟိုမဏ္ဍပ် ၌ ယနေ့ညနေ ၅ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


ထိုနောက်  သင်္ကြန်ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေး ယိမ်းအဖွဲ့များ၊ ဖိတ်ကြားထားသောဧည့်သည့်တော်များနေရာယူပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ဖွင့်ပွဲ မင်္ဂလာ အခါတော်ကြား စာတမ်းအားဖတ်ကြား၍နှုတ်ခွန်းဆက်သသည်။


ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊  တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးသိန်းလင်း တို့က ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော် ဗဟိုမဏ္ဍပ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တီးဝိုင်းအဖွဲ့နှင့်ယိမ်းအကအဖွဲ့များ က မြူမှောင်ဝေကင်းသီချင်းဖြင့်သီဆို ဖွင့်လှစ်သည်။


ထိုနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ က ဖိတ်ကြားထားသောဧည့်သည်တော်များနှင့်ယိမ်းအကအဖွဲ့များ အား အတာရေကိုသပြေခက်ဖြင့် ရိုးရာမပျက် ရေပက်ဖျန်းခဲ့ကြပြီးဒေသခံပြည်သူများ က မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အားပျှော်ရွှင်စွာအေးချမ်းစွာပါဝင်ဆင်နွဲခဲ့ကြသည်။


၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် နှင့် ဧည့်သည်တော်များ၊ ဒေသခံပြည်သူများအား ထားဝယ် ရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များက‘‘တာသတ်ပွဲ” ၊ ယိမ်းအကအဖွဲ့များက ‘‘ဖူးပွင့်ပျိုမေ” နှင့် ‘‘ချစ်စရာမြန်မာ့အတာ” အက ၊ သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး ဖွင့်ပွဲ အခမ်းအနားကို ရုတ်သိမ်း လိုက်သည်။


မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ပြိုင်ပွဲဝင်သင်္ကြန်ယိမ်းအဖွဲ့(၆)ဖွဲ့ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အတက်နေ့ ၁၆ ရက်နေ့ည ၅ နာရီ၌ယိမ်းပြိုင်ပွဲတွင်ဆုရရှိသူများအားဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်အများပြည်သူတည်ငြိမ်အေးချမ်းစွာ အတာရေကစားနိုင်ရေးစေရေးနှင့် ကိုဗစ်-၁၉ ကာလအတွင်း မကျင်းပနိုင်ခဲ့သည့်မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အားအစဉ်အလာမပျက် ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)