သရက်မြို့၌ သင်္ကြန်အကြိုနေ့ ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကား - Myanmar National Post

Myanmar National Post

News Agency

Breaking

သရက်မြို့၌ သင်္ကြန်အကြိုနေ့ ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကား



MNP - ဧပြီ   ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သင်္ကြန်အကြိုနေ့ ကောင်းမှုကုသိုလ်ပြသူများဖြင့် စည်ကား လျက်ရှိရာ ကျောင်းတိုက်အသီးသီးမှ ဒုလ္လပတ်ဆရာတော် သံဃာတော်များအား နေဆွမ်းများ ဆပ်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက်(၁၀)နာရီက ရပ်ကွက်များတွင် ဒုလ္လပတ်ဆရာတော်များမှ  တန်းဆွမ်းများ ကြွရောက်ရာ အလှူရှင်စေတနာရှင်များမှ လောင်းလှူပေးလျက်ရှိကြသည်။

ဘုန်းကြီးကျောင်းများတွင် သီလဆောက်တည်သူများနှင့် စည်ကားလျက်ရှိရာ ဘုန်းကြီးကျောင်းများ တွင် ဒုလ္လပတ်ရဟန်းနှင့် သီလရှင်များ၊ ယောဂီများများမှ တရားအားထုတ်လျက်ရှိရာ ဒုလ္လပတ် ရဟန်းသံဃာတော်များမှ မြို့ပေါ်ရပ်ကွက်များသို့ နေ့ဆွမ်းလှည့်လည် အပူဇော်ခံလျက်ရှိရာ ရပ်ကွက်အသီးသီးမှ အလှူရှင်စေတနာရှင်များက ဆွမ်းခဲဘွယ်နှင့် ဝတ္တုငွေများ ဆပ်ကပ်လှူဒါန်းကြကြောင်း သိရသည်။

သတင်း - ဇော်ထက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)