ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်၌ ရုပ်ရှင်နှင့်ဂီတပညာရှင်များ ဖျော်ဖြေတင်ဆက်မည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်၌ ရုပ်ရှင်နှင့်ဂီတပညာရှင်များ ဖျော်ဖြေတင်ဆက်မည်



MNP - ဧပြီ   ၁၃

မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှစ်နှစ်တိုင်တိုင် ကျင်းပခြင်းမရှိခဲ့သော်လည်း ယခုနှစ်တွင် ရန်ကုန်မြို့တော်နေပြည်သူများ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ စိက်လက်ပေါ့ပါးပြီး ပျော်ရွှင်ချမ်းမြေ့စေရန် ပြန်လည်ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ညွှန်ကြားမှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်တွင် ယိမ်းအကပြိုင်ပွဲများ၊ ရုပ်ရှင်နှင့်ဂီတပညာရှင်များ၏ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုများ၊ သဘင်ပညာရှင်များ၏အကများဖြင့် တင်ဆက်မှုများအပြင် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဖော်ညွှန်းသည့် လမ်းလျှောက်သင်္ကြန်ကိုလည်းထည့်သွင်း၍ စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

သတင်း - အောင်မြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)