ပြည်မြို့ ကမ်းနားလမ်း ဗဟို‌မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲ‌တော် ဖွင့်ပွဲအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်ဆောင်ရွက်မှုများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်မြို့ ကမ်းနားလမ်း ဗဟို‌မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲ‌တော် ဖွင့်ပွဲအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်ဆောင်ရွက်မှုများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး



MNP - ဧပြီ    ၁၃

ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ယခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ကို ကမ်းနားလမ်းနှင့် ယခင်ညဈေးတန်းလမ်းဆုံနေရာ၌ မဟာသင်္ကြန်ဗဟို‌မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့ဖြင့် စည်ကားသိုက် မြိုက်စွာကျင်းပမည်ဖြစ်ရာ ယမန်နေ့ ညနေပိုင်းက အဆိုပါမဏ္ဍပ်၌ ဖျော်ဖြေတင်ဆက်မည့် ရပ်ကွက်အလိုက် ယိမ်းအဖွဲ့များ၊ ဌာနဆိုင်ရာယိမ်းအဖွဲ့များ၏ အစမ်းလေ့ကျင့်မှုများနှင့် ဖွင့်ပွဲအခမ်း အနား အစီအစဉ်ကြိုတင်ပြင်ဆင်လေ့ကျင့်ဆောင်ရွက်မှုများအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် တာဝန်ရှိသူများအဖွဲ့က ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များကို လိုအပ်ချက်များ ဆောင်ရွက်ရန်  မှာကြားခဲ့ကြောင်း သိရသည်။

ပြည်မြို့ မဟာသင်္ကြန်ဗဟို‌မဏ္ဍပ်နှင့် ကမ်းနားလမ်း၊ လမ်းလျှောက်သင်္ကြန် ပွဲတော် တို့တွင် ပြည်မြို့ပေါ်ရပ်ကွက်ကြီး ၁၀ခုနှင့် ဌာနဆိုင်ရာယိမ်းအဖွဲ့များ အပါအဝင် စုစုပေါင်း သင်္ကြန်ယိမ်း ၁၄ ဖွဲ့၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့်  မဟာသင်္ကြန် ပွဲတော်ရက်များအတွင်း နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၆နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး ပွဲတော်လာရောက် ဆင်နွှဲသူများအား ဌာန ဆိုင်ရာများက စတုဒီသာများ‌ ကျွေးမွေးဧည့်ခံမည်ဖြစ်ကြောင်း မဟာသင်္ကြန် ကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။

သတင်း - ကိုဆက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)