မိုးနဲမြို့၌ (၃၆)ကြိမ်မြေက် အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်း ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့၌ (၃၆)ကြိမ်မြေက် အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်း ဆွေးနွေး




MNP - ဧပြီ   ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်း‌ခေးခရိုင်၊ မိုးနဲမြို့နယ်၌ မြို့နယ်သံဃနာယက ဆရာတော် ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေး ဦးစီးဌာနနှင့်ဂေါပကအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်၍ ၂၀၂၂ခုနှစ် (၃၆) ကြိမ်‌မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဝိဇ္ဇာရိယ်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ဆောင်ရွက် ခဲ့ကြောင်း သိရသည်။        

ရှေးဦးစွာနမောတဿ(၃)ကြိမ်ရွတ်ဆို၍ ညှိနှိုင်းဆွေးနွေးပွဲကိုစတင်ခဲ့ပြီး မြို့နယ် ဩဝါဒါ စရိယဆရာတော် ဘဒ္ဒန္တမာဃိန္ဒ ၊မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တဂန္ဓမာတို့မှ အဖွင့်သြဝါဒ စကားမြွက်ကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့် မြို့နယ်‌ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဆရာဦးအောင်‌ဖေတို့မှ သာသနာရေးဆိုင်ရာများ လျှောက် ထားခဲ့ကြကြောင်း၊ ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ချက်များအရ ၂၀၂၂ ခုနှစ် ပါဠိပထမပြန် စာမေးပွဲကိုနှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဥယျာဉ်ရပ်ကွက် ဥယျာဉ်ကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ၂၀၂၁ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲနှင့် ဓမ္မာစရိယ စာအောင် သံဃာတော်များအား စာအောင်စူဠဘွဲ့နှင်းသဘင် အခမ်းအနားကိုလည်း အဆိုပါ ကျောင်းတိုက်၌ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

သတင်း - မျိုးညွန့်ရွှေ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)