မအူပင်ခရိုင်အခြေစိုက် ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအူပင်ခရိုင်အခြေစိုက် ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ သင်တန်းဆင်းပွဲကျင်းပ



MNP - ဧပြီ   ၂၇

ဧရာဝတီတိုင်း‌ဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မအူပင်ခရိုင် အခြေစိုက်ပြည်သူ့ ကျန်းမာရေးကြီးကြပ်-၂ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အမှတ်-၁ အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမတွင် ကျင်းပသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သင်တန်းတွင် ထူးချွန်ဆု ရရှိသူများအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့သည်။ အဆိုပါ သင်တန်းအား ၆ လ ဖွင့်လှစ်ခဲ့ပြီး ဧရာဝတီတိုင်းအတွင်း ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုမြှင့်တင်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သတင်း - အောင်ခိုင်၊ အောင်မြင့်မြတ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)