ထားဝယ်မြို့ရှိ ကုန်တိုက်နှင့် ကုန်စုံဆိုင်များတွင် အစားအသောက်နှင့် လူသုံးကုန်/ အလှကုန် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ကြည်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ထားဝယ်မြို့ရှိ ကုန်တိုက်နှင့် ကုန်စုံဆိုင်များတွင် အစားအသောက်နှင့် လူသုံးကုန်/ အလှကုန် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ကြည်ရှုစစ်ဆေး



MNP - ဧပြီ  ၂၇

တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့သည် ထားဝယ်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ယနေ့နံနက် ပိုင်းတွင် ထားဝယ်မြို့ရှိ ကုန်တိုက်နှင့် ကုန်စုံဆိုင်များတွင် အစားအသောက်နှင့် လူသုံးကုန်/ အလှကုန် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် တရားမဝင် Online ကြေညာချက်များ စောင့်ကြည့်ရေးအဖွဲ့မှတင်ပြထားသောပစ္စည်းများ ရောင်းချမှု ရှိ/မရှိ ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးမှူး ဒေါ်မေသန်းနိုင် ဦးဆောင်သော ပူးပေါင်းအဖွဲ့များက ထားဝယ်မြို့ရှိ DDPC  ကုန်တိုက်၊ စရဏ၊ AAA၊ ဆန်းသစ်၊ အလှသစ်၊ ခိုင်ခိုင်နှင့် အောင်ကုန်စုံဆိုင် (၇) ဆိုင်တွင် တရားမဝင် Online ကြေညာချက်များ၊ စောင့်ကြည့်ရေးအဖွဲ့မှ တင်ပြထားသော ပစ္စည်းများနှင့် ကုန်ပစ္စည်းများ ရောင်းဝယ်မှု မရှိစေရေးအတွက် ဆိုင်ပိုင်ရှင်နှင့် တာဝန်ခံများအား ခံဝန်ထိုးစေပြီးဆိုင်များတွင် သက်တမ်းလွန်၊ တရားမဝင် အစားအသောက်များ ရောင်းချမှု ရှိ/မရှိ ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ ဆိုင်များတွင် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆိုင်ရှင်များနှင့် ဈေးဝယ် သူများအား ကျန်းမာရေးထိခိုက်စေသည့် ဆိုးဆေးနှင့် တာရှည်ခံဓာတုဆေးများ၊ အန္တရာယ်ကင်းသော အစားအစာရရှိရေးအတွက်  အဓိကဆောင်ရွက်ရမည့် အချက် ၅ ချက်ပါဝင်သည့် လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ပြီး ဆိုင်များမှမက်မွန်သီးနှင့် မရမ်းယိုအစားအသောက် နမူနာ (၂) မျိုးအား FDA (တိုင်းရုံး) တွင် ခွင့်မပြုဆိုးဆေးများ ပါဝင်ခြင်း ရှိ/မရှိ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း - ရွှေပင်လယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)