ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရူ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရူ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး



MNP -  ဧပြီ   ၂၇

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ဟင်္သာတမြို့နယ်ရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျောင်းအတွင်းရှိ ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး သဘာဝဘေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးနေမင်းထွန်း ဦးဆောင်သော ဝန်ထမ်းများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီး ဦးနေမင်းထွန်းမှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်တန်းကျောင်း၏ တည်နေရာနှင့် အကျယ်အဝန်းအခြေအနေ၊ သင်တန်းကျောင်းအတွင်းရှိ ဝန်ထမ်းအင်အား အခြေအနေ၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အခြေခံသင်တန်းနှင့် နည်းပြသင်တန်းများ သင်ကြားမှုအခြေအနေ၊ သင်တန်းများဖွင့်လှစ်ရန် လျာထားမှုနှင့် ဖွင့်လှစ်နိုင်မှုအခြေအနေ၊ Quarantine Center အဆောင်များ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့၊ ပန်းဘဲတန်းရပ်ကွက်၊ နွယ်သာကီလမ်းရှိ သူနာပြုသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး သူနာပြုသင်တန်းကျောင်း သင်တန်းခန်းမတွင် ဟင်္သာတခရိုင်အခြေစိုက် ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၂) သင်တန်းအမှတ်စဉ် (၄/၂၀၂၁)သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ရာ အခမ်းအနားတွင် ဝန်ကြီးချုပ်မှ သင်တန်းဆင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခြင်း၊ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခြင်းတို့ ဆောင်ရွက်ခဲ့သည်။ အခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်မာရေးဌာန တာဝန်ရှိသူများ၊ သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ဝေဝေလွင်နှင့် သင်တန်းသား/သူ (၄၂)ဦးတို့ တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ် ရွာသာကုန်းအုပ်စု၊ ရွာသာကုန်းကျေးရွာရှိ ဟင်္သာတတက္ကသိုလ် ပင်မလေးထပ်ဆောင် အစည်းအဝေးခန်းမဆောင်သို့ ရောက်ရှိခဲ့ပြီး တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီရွှေ၊ ဟင်္သာတနည်းပညာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ စိုးမိုးထွန်းနှင့် ဟင်္သာတ ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်တို့မှ ၂၀၂၂ မေ ၁၂ ရက်နေ့တွင် နေ့သင်တန်းများ ဖွင့်လှစ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်၊ ဦးခိုလမ်းရှိ တနင်္ဂနွေပတ် သံဃဒါနဆွမ်းလောင်းအသင်း၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနေမှု အခြေအနေများအား ကြည့်ရှုခဲ့ပြီး ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - ကိုဇော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)