MNP - ဧပြီ ၂၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီအချိန်တွင် ဘုရားသုံးဆူမြို့ပေါ်ရှိ အမှတ် (၃) ရပ်ကွက်၊ ဘုရင့်နောင် လမ်းမကြီးတွင် ပြည်သူများအား ကိုးဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင် ကာကွယ်နိုင်စေရေးနှင့် ကိုဗစ်ကာကွယ်ဆေးများ ကြိမ်ရေပြည့် ထိုးနှံကြရန်အတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် မဖြစ်မနေ အပြင်ထွက်ခွာ ပါက ပါးစပ်နှင့်နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊ နှာချေချောင်းဆိုးလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ ဆိုးရန်၊ လက်ကိုမကြာခဏ စက္ကန့် ၂၀ ကြာဆေးရန်၊ မိမိတို့နေအိမ်ရှိ ပြတင်းပေါက်များကို ဖွင့်ထားကြရန်၊ မိမိကိုယ်မိမိ သံသယလက္ခဏာ ခံစားမိပါက အနီးစပ်ဆုံးကျန်းမာရေးဌာနသို့ အကြောင်းကြားရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဖြတ်တောက် စေရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များအတိုင်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုများ အကြိမ်ပြည့် မပျက်မကွက်ထိုးနှံမှုခံယူကြရန် စသည့်အသိပညာပေး နှိုးဆော်များကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment