MNP - ဧပြီ ၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ဒိုက်ဦး မြို့မဈေးကြီးအတွင်းရှိ စားသုံးကုန်ရောင်းချနေသော ဆိုင်များသို့ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ ရောင်းချနေသောပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားပါ မပါစစ်ဆေး၍ အသိပညာပေးခြင်း ဟောပြောခြင်းလုပ်ငန်းများကို လည်းကောင်း၊ စားသုံးသူနှင့်ပတ်သက်ဆက်နွယ် သည့်အကြောင်းအရာများ၊ ဝန်ဆောင်မှုများနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ထိခိုက်နစ်နာမှုများ နှင့်ပတ်သက်သည့် အကြောင်း အရာများ တိုင်ကြားနိုင်သည့် Websiteများကိုလည်း အသီးသီးအကျယ် တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး လက်ရှိလုပ်ဆောင်နေမှုများနှင့် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်း များအကြောင်းကိုလည်း ရှင်းပြသွားခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment