ပြင်စလူမြို့တွင် Green City,Clean City,Smart City ဖြစ်လာစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြင်စလူမြို့တွင် Green City,Clean City,Smart City ဖြစ်လာစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်




MNP -   ဧပြီ   ၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ ခရိုင်၊ ပြင်စလူမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ လှပစေရေး(Green City, Clean City ,Smart City)ဖြစ်လာစေရေးအတွက် ယနေ့နံနက် ၈ နာရီ အချိန်မှစ၍ ပြင်စလူမြို့၊ ပြည်ထောင်စုလမ်းမကြီး လမ်းမကြီးဘေးဝဲ/ယာတစ်လျှောက်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံ ပြည်သူများ၊ စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ ပြည်ထောင်စုလမ်းမကြီးနှင့် ကမ်နားလမ်းတစ်လျှောက်ရှိ လမ်းဘေးဝဲ/ယာစုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ရာ၌ ပြင်စလူမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ပြင်စလူမြို့ နယ်မြေရဲတပ်ဖွဲ့၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မြို့ပေါ်ရပ်ကွက်အတွင်းမှ အုပ်ချုပ်ရေးမှူးများ နှင့် ဒေသခံပြည်သူများက လမ်းမကြီးဘေးရှိ ပေါင်းမြက် များရှင်းလင်းခြင်း၊အမှိုက်များ သိမ်းဆည်းခြင်း၊ အမှိုက် ကောက် စွန့်ပစ်ခြင်းများကိုစုပေါင်း ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။

သတင်း - ထွန်းထွန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)