MNP - ဧပြီ ၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ ပြည်သူ့စာကြည့်တိုက်၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/သူ လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် လက်မှုပညာကို ပြုလုပ်တတ်စေရန် ရည်ရွယ်၍ ရောင်စုံစက္ကူဖြင့် လက်မှုပညာပြုလုပ်နည်းများကို ယနေ့နံနက်နံနက်အချိန် တွင် သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။
ရောင်စုံစက္ကူဖြင့် လက်မှုပညာများ သင်ကြားပေးရာတွင် ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းသဇင်မနှင့် ဒေါ်နွေးနွေးဦးတို့မှ ရောင်စုံစက္ကူကို အသုံးပြု၍ မီးပုံးပြုလုပ်နည်း၊ ကြိုးကြာငှက်ပြုလုပ်နည်း၊ နှင်းဆီပန်းပြုလုပ်နည်းများကို သင်ကြားပေး ခဲ့ရာ နွေရာသီအခြေခံပန်းချီသင်တန်း တက်ရောက်နေသည့် ကျောင်းသူများက စိတ်ပါဝင်စားစွာ သင်ယူခဲ့ကြကြောင်း သိရှိရသည်။
ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပန်းချီသင်တန်း၊ ကွန်ပျူတာသင်တန်း၊ အေရိုးဗစ်သင်တန်း၊ ကာယ၊ ဉာဏဖွံ့ဖြိုးစေမည့်စေမည့် ပြိုင်ပွဲများဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment