ဆင်ပေါင်ဝဲမြို့နယ်၌ လူထုအခြေပြုဗဟိုဌာနတွင် ပန်းချီသင်တန်း ဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆင်ပေါင်ဝဲမြို့နယ်၌ လူထုအခြေပြုဗဟိုဌာနတွင် ပန်းချီသင်တန်း ဖွင့်ပွဲ အခမ်းအနားကျင်းပ



MNP - ဧပြီ    ၂

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယနေ့နံနက် ၉ နာရီအချိန်က ပန်းချီသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်း‌ရွှေက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက သင်တန်းဖွင့်လှစ် ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် ပန်းချီသင်တန်းနည်းပြ ဦးထွန်းဝေမှ သင်ကြားပို့ချမည့် ဘာသာရပ်များနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူးဒ ေါက်တာမွန်စိုးရီမှ သင်တန်းသား များနှင့် နည်းပြဆရာအတွက် အာဟာရဒါနအလှူငွေ ၃၀၀၀၀/-ကျပ်လှူဒါန်းခဲ့ သည်။

အဆိုပါ သင်တန်းသို့ အလယ်တန်း အထက်တန်းမှ ကျောင်းသား ကျောင်းသူ (၃၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းအား ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂) ရက်နေ့မှ (၈) ရက်နေ့အထိ (၇) ရက် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း - နိုင်လင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)