MNP - ဧပြီ ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(ပညာ) ဦးခင်အောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ရေတာရှည်မြို့နယ်အတွင်းရှိ ၂၀၂၂ ခုနှစ် ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများသို့ လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
အဆိုပါစာစစ်ဌာနများသို့ လှည့်လည်ကြည့်ရှုအားပေးရာတွင် ရေတာရှည်မြို့နယ် ပညာရေးမှူးက စာစစ်ဌာနများအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်လင်းတင်ပြခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၌ စာစစ်ဌာနစုစုပေါင်း(၆)ခုတွင် စာမေးပွဲဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၇၀၅) ဦးစာရင်းပေးသွင်း၍ (၁၅၈၄) ဦး ဝင်ရောက်ဖြေဆိုကြပြီး ရာခိုင်နှုန်းအားဖြင့် ၉၂ ဒသမ ၉ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment