လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ



MNP - ဧပြီ     ၂

အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ ကျောင်းကြီးတန်းရပ်ကွက်၊ လယ်ပြင်ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတွင် ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ သာယာဝတီခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သူဇာအောင်က အဖွင်အမှာစကားပြောကြားကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်ညွန့်ညွန့်စိန်က လူငယ်ရေးရာအသိပညာပေးဆွေးနွေးပြီး မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်လဲ့လဲ့လွင်က အားကစားနှင့်ပတ်သက်၍ အသိပညာပေးဟောပြောသည်။

ထို့နောက် ကလေးလူငယ်များကို လူငယ်နှင့်အားကစားဉာဏ်စမ်းမေးခွန်းများမေးမြန်းကာ ဖြေဆိုနိုင်သူများအား ဆုချီးမြှင့်ပြီး တက်ရောက်လာသည့် ကလေးလူငယ်များအားလုံးကို စာရေးကရိယာများ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - အောင်သူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)