MNP - ဧပြီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၁၃၈၃ ခုနှစ် ယနေ့ ဧပြီလ ၁၆ ရက်နေ့ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် အတက်နေ့တွင် ပြည်သူများ အေးချမ်းပျော်ရွှင် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်။
ထိုသို့ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ကျင်းပနိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်သိန်းနှင့် အဖွဲ့ဝင်တို့မှ ကြီးမှူးကြီးကြပ်၍ အတာသင်္ကြန် ရေကစားမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုး ကဏ္ဍများနှင့် ဧည့်ခံဖျော်ဖြေမှုများအပြင် စတုဒိသာ ရွှေရင်အေးများဖြင့် ဧည့်ခံကျွေးမွေးခြင်း ရပ်ကွက်အတွင်း ရေကစားမဏ္ဍပ်များမှ ဖျော်ရည်အအေးများ မုန့်လုံးရေပေါ်၊ သာကူများ၊ သင်္ကြန်ချစ်သူများအဖွဲ့မှ ဒံပေါက်ထမင်း၊ သင်္ကြန်ထမင်း၊ မုန့်ကြာရိုးတို့ဖြင့် ရေပတ်ခံထွက် ရေကစားကြသူများအား ဧည့်ခံကျွေးမွေးကြပြီး ပျော်ပျော်ရွှင်ရွှင် စည်ကားသိုက်မြိုက်စွာ ရေပတ်ဖြန်း ကခုန်ပျော်မြူး ကစားလျက်ရှိကြောင်း သိရသည်။
သတင်း - မျိုးဇော်သိန်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment