MNP - ဧပြီ ၁၆
၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် အတာရေသဘင်ပွဲတော်ကို မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့တွင် ဖျော်ဖြေရေးမဏ္ဍပ်၊ ရေကစားမဏ္ဍပ်များဖြင့် နှစ်သစ်ကူး ပွဲတော်ကို သင်္ကြန်အကြိုနေ့၊ သင်္ကြန်အကျနေ့၊ သင်္ကြန်အကြတ်နေ့နှင့် ယနေ့သင်္ကြန် အတက်နေ့တို့တွင် အေးချမ်းပျော်ရွင်စွာ ဆင်နွှဲလျက်ရှိကြသည်။
မော်လမြိုင်မြို့၏ မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန် ဖျော်ဖြေရေး ရေကစားမဏ္ဍပ်တွင် သင်္ကြန်အကြိုနေ့မှစတင်၍ သင်္ကြန်ယိမ်းအကအဖွဲ့များက ယိမ်းအကအလှများ ကပြဖျော်ဖြေခြင်း၊ သင်္ကြန်တေးသီချင်းများ၊ မြူးမြူးကြွကြွ တေးသီချင်းများနှင့် ခေတ်ပေါ်တေး သီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခြင်း၊ လမ်းသွားလာပြည်သူများအား နှစ်သစ်ကူး သင်္ကြန်ရေများ ပက်ဖျန်းပေးလျက်ရှိပြီး၊ ပြိုင်ပွဲဝင်သင်္ကြန်အကအဖွဲ့ ၁၁ ဖွဲ့ကလည်း ပါဝင်ယှဉ်ပြိုင်ကပြခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
ထို့အတူ ရပ်ကွက်/ကျေးရွာများရှိ ရေကစားမဏ္ဍပ်များတွင်လည်း သင်္ကြန်တေးသီချင်းများ၊ မြူးမြူးကြွကြွ တေးသီချင်းများ သီဆိုဖျော်ဖြေ တင်ဆက်၍ မဟာသင်္ကြန် ပွဲတော်ကို အေးချမ်းပျော်ရွင်စွာ ရေကစားလျက်ရှိပြီး ကမ်းနားလမ်းဗဟိုမဏ္ဍာပ် ရေကစားမဏ္ဍာပ်တွင် ဌာနဆိုင်ရာများမှ စုပေါင်း၍ စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိကြောင်း သိရသည်။
သတင်း - ခင်စန်းမြင့်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment