မိုးညှင်းမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးညှင်းမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ




MNP - ဧပြီ   ၁၄

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ နှစ်သစ်ကူး မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီခွဲက စုပေါင်းရုံးရှေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဖွင့်ပွဲတွင် အခမ်းအနားမှူးက မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ဆင်နွှဲရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် လှမျိုး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ခိုင်ကိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ယိမ်းအကအဖွဲ့များက မန်းတောင်ရိပ်ခိုတေးသီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေကြရာ တပ်နယ်မှူးနှင့် ဧည့်သည်တော်များက အဆိုပါစုပေါင်းကပြ ဖျော်ဖြေကြသည့် ယိမ်းအကအဖွဲ့များအား ကြည့်ရှုအားပေးပြီး အတာရေများဖြင့် ပက်ဖျန်းပေးခဲ့သည်။

ထို့နောက် ယိမ်းအကအဖွဲ့များမှ ယိမ်းအကများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများနှင့် တေးသီချင်းဖြင့် သီဆိုခြင်းများ ဆက်လက်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

အဆိုပါပွဲတော်ကျင်းပရာတွင် မြန်မာ့ဓလေ့ထုံးတမ်းများနှင့်အညီ အစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်းသွားရန်၊ ပြည်သူများ စိတ်ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေကစားနိုင်စေရန်နှင့် ရေသဘင်ပွဲတော်တွင် မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှုကို ဆက်လက်ထိန်းသိမ်းတတ်စေရန်၊ နှစ်သစ်ကူးအခါသမယတွင် ပြည်သူများသည် မိမိတို့ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက်ဖျန်း လန်းဆန်းစေပြီး စိတ်သစ် ကိုယ်သစ် စွမ်းအားအပြည့်ဖြင့် ဆောင်ရွက်နိုင်ကြစေရန်နှင့် မြန်မာမှု မြန်မာ့ဟန်မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ အမျိုးသားရေးလက္ခဏာများကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်တတ်ကြစေရန်အတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဇွဲသူရအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)