မိုးမိတ်မြို့နယ်တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးမိတ်မြို့နယ်တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာကျင်းပ





MNP - ဧပြီ   ၁၄

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကြီးကို ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် မဟာသင်္ကြန်အကြိုနေ့ဖြစ်သော ဧပြီ လ ၁၃ ရက် ညနေ ၄ နာရီအချိန်က မြရည်နန္ဒာပန်းခြံအတွင်းရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်၌ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြန်မာ့ရိုးရာမဟာသင်္ကြန်ဖွင့်ပွဲအဖြစ် ရပ်ကွက်၊ ကျေးရွာများမှ ယိမ်းအကအဖွဲ့ အသီးသီးက မန်းတောင်ရိပ်ခိုသီချင်းဖြင့် ကပြဖျောဖြေခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက နှစ်သစ်မှာ ကျန်းမာချမ်းသာပြီး အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ဆုမွန်ကောင်းများတောင်းပြီး ယိမ်းအကအဖွဲ့များအား အတာရေဖြင့် ပက်ဖျန်းခဲ့ကြပြီး ယိမ်းအက အဖွဲများက မြန်မာ့ရိုးရာမဟာသင်္ကြန်သီးချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်းသိရသည်။

ဆက်လက်ပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလအတွင်း သင်္ကြန်အကြိုနေ့မှစတင်၍ ယိမ်းအက အဖွဲ့များက ကပြဖျော်ဖြေခြင်း၊ စတုဒိသာကျွေးမွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ရိုးရာမဟာသင်္ကြန်ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

သတင်း - စည်သူဌေ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)