MNP - ဧပြီ ၂၈
စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး နွေရာသီ ကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံအင်္ဂလိပ်စာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ အခြေခံပညာ အထက်တန်း ကျောင်း(ကျွန်းလှ) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးစိုးက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
အဆိုပါ သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ ၇၀ ဦး တက်ရောက်ကြပြီး နည်းပြဆရာမ သုံးဦးဖြင့် ၁၅ ရက်ကြာ သင်ကြားပို့ချမည် ဖြစ်ကြောင်း သိရသည်။
သတင်း - မျိုးဝင်းညို
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment