MNP - ဧပြီ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ခြင်းကို ယနေ့နံနက် (၈)နာရီအချိန်မှစ၍ ပလောက်တိုက်နယ်ကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ပလောက်မြို့ ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ကလေး သူငယ်များအား ကိုယ်ပူချိန်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ မွေးကင်းစမှ(၂)နှစ်အောက် ကလေးသူငယ် များကို ဆိုဆို့၊ ကြက်ညှာ၊ ချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင်သားအဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင်ရောဂါ၊ ဝက်သက်စသည့် ငါးမျိုးစပ်ကာကွယ်ဆေးများကို သတ်မှတ်အကြိမ်အတိုင်း ထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေးတိုက်ကျွေးခြင်းနှင့် ဆေးထိုးနှံပေးခြင်းတို့ ကို ဆောင်ရွက် ပေးခဲ့ပေးကြောင်း သိရသည်။
သတင်း - နှင်းမြူလွင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment