လားရှိုးမြို့ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်တော်မူသော မေတ္တာဈာနရပ်တော်မူမြတ်စွာဘုရားကြီးအား ဗုဒ္ဓါ ဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လားရှိုးမြို့ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်တော်မူသော မေတ္တာဈာနရပ်တော်မူမြတ်စွာဘုရားကြီးအား ဗုဒ္ဓါ ဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနား ကျင်းပ


MNP ၊ ဧပြီ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦး စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်တော်မူသော ဉာဏ်တော် အမြင့် ၄၅ ပေရှိ မေတ္တာဈာနရပ်တော်မူမြတ်စွာဘုရားကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ ဇမ္ဗူအေးအေတီတပ်ဦး ပရိယတ္တိစာသင်တိုက် ဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဉတ္တမ၊ မဟာဗောဓါရုံကျောင်းတိုက် ဆရာတော် နိုင်ငံတော်ဩဝါဒါ စရိယ မဟာဂန္ထဝါ စကပဏ္ဍိတ ဘဒ္ဒန္တနာရဒနှင့် ရန်ကုန်မြို့ ဝိမလာရာမ ထားဝယ် ကျောင်းတိုက်၊ ကြာငါးပွင့်ထားဝယ်ဆရာတော် ဘဒ္ဒန္တဝိရိယသိဒ္ဓိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ သံဃာတော်များက မေတ္တာဈာနရပ်တော်မူမြတ်စွာဘုရားကြီးအား ဗုဒ္ဓါ ဘိသေက အနေကဇာတင်တော်မူပြီး ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးများ ကပ်လှူပူဇော်ကြ သည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဟာဗောဓါရုံကျောင်း တိုက် ဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။

၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား နဝကမ္မအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက် ၍ ဇမ္ဗူအေးအေတီတပ်ဦးပရိယတ္တိစာသင်တိုက် ဆရာတော်နှင့် ဝိမလာရာမ ထားဝယ် ကျောင်းတိုက်၊ ကြာငါးပွင့်ထားဝယ်ဆရာတော် တို့ထံမှ အနုမောဒနာတရားနာယူ ကြပြီး သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)