ဂွ ဧပြီ ၁၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် နှစ်သစ်ကူးမဟာသင်္ကြန်အတက် နေ့တွင်မြို့ပေါ် ရပ်ကွက်များ နှင့်ကျေး ရွာများ၌ ယနေ့ နံနက်ပိုင်း၌ ဘုန်းတော်ကြီးကျောင်းများသို့သွားရောက်ပြီး အေးချမ်းစွာဖြင့် ဥပုသ်သီလခံယူဆောက်တည်ကာ ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။
ဂွမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလဆောက်တည်သူများ ၊ ဆွမ်းကပ် လှူသူများဖြင့်စည်ကားလျက်ရှိပြီး မြို့ပေါ်ရပ်ကွက် အချို့တွင် စတုဒီသာကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။ နှစ်သစ်ကူးမဟာသင်္ကြန်ကာလအတွင်း ပြည်သူများဘုန်းတော် ကြီး ကျောင်းများ၊ ဘုရား ကျောင်းကန်များသို့သွားရောက်ပြီး သင်္ကြန်ကာလအခါသမယ၌ ဉပုသ်သီလဆောက်တည်ခြင်း၊ တရား ထိုင်ခြင်း၊ ဘာဝနာတရားပွားများခြင်း၊ ကမ္မဋ္ဌာန်းတရားစီးဖြန်းခြင်းများအား စိတ်အေး ချမ်းသာစွာ ကောင်းမှု ကုသိုလ်ပွားများ အားထုတ်လျက်ရှိကြောင်းသိရှိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost




No comments:
Post a Comment