ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြည်သူများထံ သွားရောက်‌ကွင်းဆင်း ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြည်သူများထံ သွားရောက်‌ကွင်းဆင်း ဆောင်ရွက်ပေး



MNP - ဧပြီ   ၂၉

ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်‌ရေး ကတ်ပြားများကို ယမန်နေ့နံနက်ပိုင်း ၉ နာရီ အချိန်က အမှတ်(၇)ရပ်ကွက်အတွင်းရှိ ပြည်သူများထံ သွားရောက်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား

ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အမှတ်(၇)ရပ်ကွက်အတွင်းရှိ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ မပြုလုပ်ရသေးသည့် အသက်၁၀နှစ်ပြည့် ပြည်သူ (၁)ဦး၊ အသက်၁၈နှစ်ပြည့်(၁)ဦး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားလဲလှယ်(၃)ဦး၊ အိမ်ထောင်စုမိတ္တူ (၉)ဦး စုစုပေါင်း (၁၄)ဦးအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့‌ပြီးနောက် ယခင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၅)ကတ်အား ပြည်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒဂုံမြိုသစ်(အရှေ့ပိုင်း)မြို့နယ် ဦးစီးမှူးရုံးတွင် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကိုင်‌ဆောင်ကြစို့" ဆောင်ပုဒ်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို နေ့စဉ်ပြုလုပ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်း - ဝင်းအိမွန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)